YBS ပေါ်မှာ မိန်းက​လေး​တွေကို​နောက်​က​နေ ပေါ်ပေါ်တင်တင်ကြီး လိုက်​လုပ်​​နေတဲ့ ဗီဒီယို

27614
acv4
13K Shares


acv5







လုံးဝမရှက်​ပါနဲ့​ဘေးလူကို​ပြောပါ ဘယ်​ဖုန်းဆက်​ရမှန်းမသိမဖြစ်​ပါနဲ့ 199 ကိုဆက်​ပါမရှက်​တမ်း​ပြောပြ​ပေးပါ ..​နောက်​လုံးဝဆင်းမ​ပြေးပါနဲ့ ဆင်းလိုက်​လာပြီးလူကိုဒုက္ခ​ပေးနိုင်​ပါတယ်​ အားလုံးပဲဂရုစိုက်​​ပေးကြပါ …​ဘေးကင်းနိုင်​ပါ​စေရှင် Credit video ဖိုင်..

ဒီနေ့ YBS 35 ပေါ်မှာကြုံလာရတဲ့ပြသနာပါ မိန်းခလေးတိုင်းဖတ်ကြည့်ပေးပါရှင် မိန်းခလေးတွေကိုနောက်ကနေမဖွယ်မရာလိုက်လုပ်နေတာပါ

အခုခံရတဲ့ညီမလေးတွေကိုဒီလိုလုပ်နေလို့နေရာတွေလဲပေးတာတောင် ..သူကအဲ့ညီမလေးနေရာပြောင်းတဲ့နေရာထိနောက်နေအဲ့လိုလိုက်လုပ်နေတာပါ …ခံရတဲ့ညီမလေးတွေကတိုင်းရင်းသူလေးတွေပါအလုပ်ကိစ္စကြောင့်ရန်ကုန်လာတဲ့သူတွေပါ

အဲ့လိုလုပ်ခံနေရရင်ရှက်ကြကြောက်ကြပါတယ် ..ကြောက်ပေမဲ့လုံးဝမရှက်ပါနဲ့ဘေးလူကိုပြောပြပါ ..ညီမအခု ညီမရှေ့မှာပထမဆုံးကြုံဖူးတာပါ …ကိုယ်တိုင်ဒေါသထွက်ပြီးထသောင်းကျန်းချင်တာပါ

ဒါပေမဲ့ လူအများပါလို့ လူတိုင်းလဲသူဒီလုပ်လုပ်တာမြင်နေရပါတယ် …ညီမ 199 ကိုဖုန်းဆက်ပြီး ဖြစ်တဲ့ပြသနာ ကားနံပါတ်ကားသွားတဲ့လမ်းကြောင်းအကုန်ပြောလိုက်ပါတယ် …သူတို့ဘက်ကချက်ချင်းသက်ဆိုင်ရာနယ်မြေရဲစခန်းအကြောင်းကြားပြီး ရဲလိုက်ခိုင်းပါတယ်။

အခုဒီလူကို လမ်းဝမှတ်တိုင်မှာရဲစောင့်နေပြီးတခါထဲလက်ထိပ်ခတ်ပြီးခေါ်သွားပါတယ် …ကာယကံရှင်တွေရောညီမတို့ကားပေါ်ကအမတွေရောရဲစခန်းထိလိုက်သွားပြီး သူလုပ်နေတဲ့သက်သေတွေပါပြလိုက်ပါတယ်

နယ်ကလာပြီးဘုန်ကြီးကျောင်းမှာနေတယ်ပြောပါတယ် အရက်တွေမူးရူနေတာပါ ..သူတို့ကိုမထိဘူး ကားမှားစီးလာတာပြောပါတယ် ..အမှုဖွင့်မလားမေးပေမဲ့ ညီမတို့မဖွင့်ခဲ့ပါဘူး

acv6

ဒီလိုထပ်မလုပ်နိုင်အောင်တခြားထိရောက်တဲ့အရေးယူမှုတခုပြုလုပ်ဖို့ပဲပြောခဲ့ပါတယ်(အချုပ်၇ရက်ချပေးပါမယ်ကျေနပ်မှုရှိလားမေးပါတယ်ညီမတို့လက်ခံခဲ့ပါတယ်)

လုံးဝမရှက်ပါနဲ့ဘေးလူကိုပြောပါ ဘယ်ဖုန်းဆက်ရမှန်းမသိမဖြစ်ပါနဲ့ 199 ကိုဆက်ပါမရှက်တမ်းပြောပြပေးပါ ..နောက်လုံးဝဆင်းမပြေးပါနဲ့ ဆင်းလိုက်လာပြီးလူကိုဒုက္ခပေးနိုင်ပါတယ် အားလုံးပဲဂရုစိုက်ပေးကြပါ …ဘေးကင်းနိုင်ပါစေရှင် Credit

Facebook Comments
13K Shares