၂၀၁၉အာရွေျခစစ္ပြဲေအာင္ ျမန္မာယူ-၁၉ အမ်ိဳးသမီး အသင္းကို ဆုေၾကး က်ပ္သိန္း ၅၀၀ ခ်ီးျမႇင့္

ava2

ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ၂၀၁၉ အာရွယူ-၁၉ အမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ေျခစစ္ပြဲ ေအာင္ျမင္သြားသည့္ ျမန္မာလက္ေရြးစင္ယူ-၁၉ အမ်ိဳးသမီး အသင္းကို ဆုေၾကးက်ပ္သိန္း ၅၀၀ ခ်ီးျမႇင့္ ခဲ့ေၾကာင္းသိရသည္။

ava3

ျမန္မာယူ-၁၉ အမ်ိဳးသမီး အသင္းတြက္ ဆုေၾကးမ်ားကို ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္ႏွင့္ KBZ BANK နာယက ဦးေအာင္ကိုဝင္းက က်ပ္သိန္း ၂၀၀၊ AYA BANK က က်ပ္သိန္း ၂၀၀ ႏွင့္ ျမန္မာႏိုင္ငံ အမ်ိဳးသမီး ေဘာလံုးေကာ္မတီ ဒုဥကၠ႒ ေဒၚေဌးေဌးခိုင္က က်ပ္သိန္း ၁၀၀ အသီးသီးခ်ီးျမႇင့္ ခဲ့ျခင္းျဖစ္သည္။

၂၀၁၉ အာရွယူ-၁၉အမ်ဳိးသမီးေျခပြဲဒုတိယအဆင့္ကို အုပ္စုႏွစ္စုခြဲ၍
ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္ၿပီး အုပ္စု(က)တြင္ ၾသစေၾတးလ် ႏွင့္
ျမန္မာ အုပ္စု(ခ)တြင္ ေတာင္ကိုရီးယားႏွင့္ ဗီယက္နမ္အသင္းတို႔က
ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ၾကသည္။

ava4

အဆိုပါေလးသင္းသည္ AFC U-19 Women’s Championship Thailand 2019 ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲကို အိမ္ရွင္ထိုင္းအသင္း၊ ဂ်ပန္အသင္း၊ ေျမာက္ကိုရီးယားအသင္း၊ တရုတ္အသင္းတို႔ႏွင့္အတူ ၀င္ေရာက္ယွဥ္ၿပိဳင္သြားရမည္ျဖစ္သည္။

AFC U-19 Women’s Championship Thailand 2019 ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယရရွိမည့္ အသင္းမ်ားအေနျဖင့္ ၂၀၂၀ ကမၻာ့ဖလား အမ်ဳိးသမီး ယူ-၂၀ ၿပိဳင္ပြဲသုိ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမည္ျဖစ္သည္။

မိုင္းေစာလြင္ Pyi Myanmar
ဓာတ္ပုံ-MFF

ava2

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သွားသည့် မြန်မာလက်ရွေးစင်ယူ-၁၉ အမျိုးသမီး အသင်းကို ဆုကြေးကျပ်သိန်း ၅၀၀ ချီးမြှင့် ခဲ့ကြောင်းသိရသည်။

မြန်မာယူ-၁၉ အမျိုးသမီး အသင်းတွက် ဆုကြေးများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် KBZ BANK နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်း ၂၀၀၊ AYA BANK က ကျပ်သိန်း ၂၀၀ နှင့် မြန်မာနိုင်ငံ အမျိုးသမီး ဘောလုံးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်က ကျပ်သိန်း ၁၀၀ အသီးသီးချီးမြှင့် ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ အာရှယူ-၁၉အမျိုးသမီးခြေပွဲဒုတိယအဆင့်ကို အုပ်စုနှစ်စုခွဲ၍
ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စု(က)တွင် သြစတြေးလျ နှင့်
မြန်မာ အုပ်စု(ခ)တွင် တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းတို့က
ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။

ava3

အဆိုပါလေးသင်းသည် AFC U-19 Women’s Championship Thailand 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်ထိုင်းအသင်း၊ ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်း၊ တရုတ်အသင်းတို့နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

AFC U-19 Women’s Championship Thailand 2019 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိမည့် အသင်းများအနေဖြင့် ၂၀၂၀ ကမ္ဘာ့ဖလား အမျိုးသမီး ယူ-၂၀ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

မိုင်းစောလွင် Pyi Myanmar
ဓာတ်ပုံ-MFF

Facebook Comments